မရမ်းကုန်း အောက်တိုဘာ ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Quarantine Center များအတွက် ယနေ့နံနက် ၁၁း၃၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြက်ဖျာ၊စောင်၊ခြင်ထောင် အစရှိသည့် စုစုပေါင်းငွေကျပ် (၉၅၆,၁၀၀)တန်ဖိုးရှိ ပစ္စည်းများလာရောက်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းပစ္စည်းများမှာ မြက်ဖျာ၊ ခေါင်းအုံး၊ခေါင်းအုံးစွပ်၊စောင်၊ခြင်ထောင်၊ ဂွပ်ကပ် စသည့် ပစ္စည်း (၅၀)စုံ၊သွားတိုက်ဆေး၊ သွားတိုက်တံ၊ဆပ်ပြာ (၃)မျိုးတွဲ၊သောက်ရေခွက်၊ရေချိုးခွက်၊ ဆပ်ပြာခွက်စသည့် ပစ္စည်းများ (၅၀)စုံ၊ PPEဝတ်စုံ (၂၅)စုံ၊ Surgical Gown (၃၀) စုံ၊ Face Shield (၂၀၀)ခု လက်အိတ် (၁၀၀)ခုပါ (၃)ဘူး၊ Surgical Mask (၁၀၀၀)ခု၊ ရေမလို လက်သန့်ဆေး (၅၀၀မီလီ) ပါ (၅)ဗူး၊ အရက်ပျံ (၅၀၀မီလီ) ပါ (၅)ဗူးတို့အား လာရောက်လှူဒါန်းခဲ့သည်။
ထို့ပြင် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းရေသန့်အတွက် ငွေကျပ် နှစ်သိန်း တန်ဖိုး ရှိရေသန့်ကတ်များနှင့် ဦးဝင်းနိုင်နှင့်ဇနီးခင်စန်းမိသားစုက KN 95 Mask အခုရေ (၃၀၀)တို့အား လှူဒါန်းကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပြန်လည်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အေးအေးအောင် (ပြန်/ဆက်)