ဆီဆိုင် အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများကို သက်ဆိုင်ရာနေရာများ၌ ကြေညာထားပြီးဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်ရပ်ကွက်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးကပ်ထားခြင်းများကို တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီခန့်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းအသိပေးကပ်ထားခြင်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် တာဝန်ရှိသူများတို့က ဆီဆိုင်မြို့ပေါ်(၆) ရပ်ကွက်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)