ဗိုလ်တထောင်မြို့နယ်တွင် အထူးရဲသင်တန်း ဖွင့်လှစ်

ဗိုလ်တထောင် အောက်တိုဘာ ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(:၀၀)နာရီ အချိန်က အခြေခံပညာမူလတန်းကျောင်း အမှတ်()ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြီး စနစ်တကျ လိုက်နာရန် ပြောကြားခဲ့သည်။ သင်တန်းသို့ သင်တန်းသား(၃၈)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာ()ရက်နေ့မှ (၂၈)ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဘာသာရပ်များမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ၊ သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်များ အပါအဝင် ဘာသာရပ်များကို သင်ကြားရေး နည်းပြ()ဦးနှင့် စစ်ရေးပြ()ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)