ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ( ၁၇၀၅၈)ဦးအား သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေးနိုင်ခဲ့

လားရှိုး     အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗသ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့်  ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ()ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ အောက်တိုဘာလ ()ရက်နေ့တွင် အမျိုးသား (၅၁)ဦး အမျိုး သမီး ()ဦး စုစုပေါင်း (၅၉ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ(၅၉)ဦးတို့တွင် ကချင်ပြည်နယ်မှ()ဦး ချင်းပြည်နယ်မှ()ဦး စစ်ကိုင်း တိုင်းဒေသကြီးမှ (၁၂)ဦး ပဲခူးတိုင်းဒေသကြီးမှ()ဦး မကွေးတိုင်းဒေသကြီးမှ(၁၂)ဦး မန္တလေးတိုင်းဒေသ ကြီးမှ()ဦး ဧရာဝတီတိုင်းဒေသကြီးမှ (၁၃)ဦး   ရခိုင်ပြည်နယ်မှ(၁၀)ဦး တို့ဖြစ်ကြသည်

ထိုသို့  နေရပ်ပြန်ပြည်သူများကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာ   မေလအတွင်း အမျိုးသား( ၅၃၆၂ )ဦး အမျိုးသမီး(၃၁၈၆)ဦး စုစုပေါင်း(၈၅၄၈)ဦး ဇွန်လအတွင်း အမျိုးသား ( ၁၇၄၃ )ဦး အမျိုးသမီး(၁၂၄၄)ဦး စုစုပေါင်း (၂၉၈၇)ဦး  ဇူလှိုင်လအတွင်း အမျိုးသား( ၁၄၀၁ )ဦး အမျိုးသမီး(၈၉၃)ဦးစုစုပေါင်း(၂၂၉၄)ဦး ဩဂုတ်လအတွင်း အမျိုးသား( ၁၀၅၉ )ဦး အမျိုးသမီး(၆၈၆)ဦး စုစုပေါင်း(၁၇၄၅)ဦး၊ စက်တင်ဘာလအတွင်း အမျိုးသား( ၈၉၀ )ဦး အမျိုးသမီး(၅၃၅)ဦး စုစုပေါင်း(၁၄၂၅)ဦး အောက်တိုဘာလ()ရက်နေ့မှ ယနေ့အထိ အမျိုးသား( ၅၁ )ဦး အမျိုးသမီး()ဦး စုစုပေါင်း(၅၉)ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့ရာ  မေလ()ရက်နေ့မှ ယနေ့အထိ  နေရပ်ပြန် ပြည်သူအမျိုးသား (၁၀၅၀၆) ဦး အမျိုးသမီး (၆၅၅၂) ဦး စုစုပေါင်း (၁၇၀၅၈) ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။

နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)