ကျိုက်ထိုမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ

ကျိုက်ထို အောက်တိုဘာ ၂

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးခွင့် ရှိသူများစာရင်းကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ကပ်ထားကြေညာခဲ့သည်။

ယင်းသို့ကြေညာရာတွင် ကျိုက်ထိုမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံး၏စာရင်းများအရ ကျိုက်ထိုမြို့နယ် ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၄၃)အုပ်စုတွင် မဲရုံပေါင်း(၉၅) ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ကျား(၆၃၇၇၃)ဦး၊ မ(၆၉၁၉၂)ဦး ၊ စုစုပေါင်း (၁၃၂၉၆၅) ဦးရှိသည်။

အဆိုပါဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ (၁၄)ရက်ကြာ   ကပ်ထားကြေညာသွားမည်ဖြစ်ပြီး   မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လာ ရောက်ကြည့်ရှု၍  မဲစာရင်းတွင် မပါဝင်ပါ က အမည်စာရင်းထည့်သွင်းပေးရန်   တောင်းဆိုခြင်း ၊ မပါဝင်သင့်သူများ ပါဝင်နေပါကကန့်ကွက်ခြင်း ၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပြင်ဆင်လွှာတင်သွင်းခြင်းများကို မဲစာရင်း ကပ်ထားကြေညာ သည့်  (၁၄)ရက်အတွင်း ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပြင်ဆင်ဆောင်ရွက်နိုင်ရန် အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)