ရေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ များနှင့် မြို့နယ်ဆု(အထူးဆု)ရရှိသော သူတို့အား ဂုဏ်ပြုဆုငွေများချီးမြှင့်

ရေး အောက်တိုဘာ ၂

မွန်ပြည်နယ်၊ ရေးမြိုနယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူး(၃) ဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်ဆု (အထူးဆု) ရရှိသူများအား ဂုဏ်ပြုဆုငွေများကို အောက်တိုဘာ ၁ ရက်နေ့က မြို့နယ် ပညာရေးမှူးရုံး၌ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ထူးချွန်ဆုကို မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက (၃) ဘာသာဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းအုပ်ကြီးများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးများမှတဆင့် သက်ဆိုင်ရာ ဂုဏ်ထူးဆုရရှိသူများအား ပြန်လည်ပေးအပ်ခဲ့ ကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလဖြစ်သဖြင့် ဂုဏ်ပြုအခမ်းအနားနှင့် မချီးမြှင့်ဘဲ ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့ရသည်။ ထူးချွန်စွာအောင်မြင်သော(၃)ဘာသာ ရရှိသူကို ဂုဏ်ပြုဆုငွေ (၂) သိန်းကျပ်ဖြင့် (၇)ဦးနှင့်  မြို့နယ်ဆု(အထူးဆု)ကို ဂုဏ်ပြုဆုငွေ (၂)သိန်းကျပ်တိတိတို့အား  မွန်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သောဆုငွေများအား ပြန်လည်ပေး အပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)