ကွမ်းလုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့မှ ကုန်တင်ယာဉ်များသွားလာမှုနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက်(Standard Operating Procedure-SOP)အရ ကုန်တင်ယာဉ်မျာကို နေ့စဉ်ကန့်သတ်၍ တင်သွင်းလျက်ရှိသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် ကွမ်းလုံ-ချင်းရွှေဟော် အမြန်လမ်းမပေါ်၌ ကုန်တင်ယာဉ်များ ပိတ်ဆို့စောင့်ဆိုင်းနေရကြောင်း သိရသည်။
အဆိုပါ ကုန်ကားများ ပိတ်ဆို့နေမှုနှင့် ပက်သက်၍ “ချင်းရွှေဟော်မြို့ အဝင်ဂိတ်မှ တစ်ရက်လျှင် ကုန်တင်ယာဉ်အစီး(၅၀)သာ တင်သွင်းသည့်အတွက် ကုန်တင်ယာဉ်များ ပိတ်ဆို့စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့နဲ့ ညှိနှိုင်းပြီး အမှတ်စဉ် ကတ်ပြားများကို ထုတ်ပေးထားကြောင်း၊ ကုန်တင်ယာဉ်များ ပိတ်ဆို့မှုမဖြစ်ပွားစေရေးနှင့် ကုန်စည်စီးဆင်းမှု မထိခိုင်စေရေးအတွက် ကုန်တင်ယာဉ်များ ပိုမိုတင်သွင်းနိုင်အောင် ချင်းရွှေဟော်မြို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း” မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ၏ ပြောကြားချက်အရ သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)