မြောက်ဥက္ကလာပမြို့နယ် အဝိုင်း​မီးပွိုင့်အနီးတွင် Stay at Home ကာလ ယာဉ်စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်

မြောက်ဥက္ကလာပ  အောက်တိုဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက (င)ရပ်ကွက်၊ မြောက်ဥက္ကလာပအဝိုင်း မီးပွိုင့်အနီးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်နှင့် မြို့နယ်ချင်းဆက်လမ်းများ၊ တံတားများတွင် ကိုဗစ်-၁၉ ထိန်းချုပ်​ရေးအတွက် ​ပူး​ပေါင်းအဖွဲ့များဖြင့် ယာဉ်စစ်​ဆေးခြင်းများ​ ​ဆောင်ရွက်လျက်ရှိပြီး  QR pass မပါ​သောယာဉ်များ၊ အ​ထောက်အထားမခိုင်လုံ​သော ယာဉ်နှင့်လူများအား နယ်ကျော် သွားလာခွင့် ခွင့်မပြု​တော့ကြောင်းကို သိရှိလိုက်နာစေရန် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)