တုံတာ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် အသက်၈၀မှ ၈၅နှစ်အတွင်း ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို တာဝန်ရှိသူများက အောက်တိုဘာလ ၂ ရက် ညနေ ၃နာရီခန့်က ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တုံတာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လူမှုဝန်ထမ်းဦးစီးဌာနကထောက်ပံ့သော ဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် တုံတာမြို့အတွင်းရှိ အသက် ၈၀ မှ ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ရောဂါကာလအတွင်း သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ထောက်ပံပေးအပ်ခဲ့ရာ တုံတာမြို့ရှိဘိုးဘွား( ၇ )ဦးအား ထောက်ပံပေး အပ်ခဲ့ကြ ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)