ပလောက် အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၈၀)နှင့် (၈၅)နှစ်အကြား ဘိုး/ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်း ဦးစီးဌာန ရံပုံငွေမှ အသက်(၈၀)နှင့် (၈၅)နှစ်အကြား တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်နှုန်းဖြင့် ဘိုး/ဘွား(၁၉)ဦးအတွက် ငွေကျပ်(၅၇၀၀၀၀/)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင် ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
နှင်းမြူလွင်