တီးတိန်-ကလေးသွားကားလမ်း၌ ယာဉ်တစ်စီးတိမ်းမှောက် ယာဉ်မောင်းသေဆုံး

တီးတိန်   အောက်တိုဘာ   ၃

ချင်းပြည်နယ်၊ တီးတိန်မြို့၏ ၂၆ မိုင်ခန့်အကွာ တီးတိန်ကလေးသွားကားလမ်း ဆိုဇန်ကျေးရွာအနီး၌ ကားတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ယမန်နေ့ ညနေ ၄နာရီခွဲအချိန်၌ ဒုရဲအုပ်သန်းလင်းဦးနှင့် အဖွဲ့သည် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ကိုလျှံပီး(၂၁)နှစ်ပင်လုံရပ်ကွက်၊ ကလေးမြို့နေသူမောင်းနှင်သော MDY IR/---- အပြာရောင် ForLand(၆)ဘီးယာဉ်သည် ယာဉ်နောက်လိုက် ကိုသီဟစိုး၊ အောင်မင်္ဂလာရပ်ကွက်၊ ကလေးမြို့နေသူလိုက်ပါလျက် ကလေးဘက်မှ တီးတိန်ဘက်သို့ မောင်းနှင်လာစဉ် ဆိုဇန်ကျေးရွာအနီး မိုင်တိုင်အမှတ် (၉/၄)နှင့်(၉/၅)အကြား အခင်းဖြစ်နေရာ အရောက်တွင် လမ်း၏လက်ဝဲဘက်ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ကြောင်း စုံစမ်းသိခဲ့ရပြီး ယာဉ်မောင်းကိုလျှံပီးသည် အခင်းဖြစ်နေရာတွင် သေဆုံး၍ ယာဉ်နောက်လိုက် ကိုသီဟစိုးသည် အတွင်းလူနာအဖြစ်ဆေးကုသမှု ခံယူထားကြောင်း သိရသည်။

ဒိုင်းဒိမ့်(ပြန်/ဆက်)