မံစီမြို့နယ်တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား စစ်ဆေး အရေးယူ

မံစီ  အောက်တိုဘာ

ကချင်ပြည်နယ်ဗန်းမော်ခရိုင်မံစီမြို့နယ်အတွင်း၌ ယနေ့နံနက် နာရီက နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား တာဝန်ရှိသူများက  စစ်ဆေးအရေးယူ ဆောင်ရွက် ခဲ့ကြသည်။

စစ်ဆေးခြင်း လုပ်ငန်းများကို မံစီမြို့မစျေးရှေ့နှင့် မြို့တွင်းလမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြြပီး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း(Mask) ()ခုပေးအပ်ကာ ဒဏ်ငွေ(၃၀၀၀)ကျပ် ပေးဆောင်စေခြင်း၊  အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ရမည်ဖြစ်သည့်အတွက် မြို့နယ်အတွင်း နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ ကြကြောင်း၊  စက်တင်ဘာလ ၂၈ ရက် နေ့က ကျင်းပခဲ့ သည့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိမ်းချုပ်၊ ကုသရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်တိုဘာ ရက်နေ့က စတင်၍ အရေးယူဆောင်ရွက် သွားမည့်အကြောင်းကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ မှတဆင့် အကြောင်းကြားခဲ့ပြီး ယခုကဲ့သို့ ရှောင်တခင် စစ်ဆေးအရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိမ်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြြပီး ဒဏ်ငွေများကို ကော်မတီလုပ်ငန်း ရန်ပုံအဖြစ် ဆောင်ရွက်ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)