မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ဖရူဆို အောက်တိုဘာ ၃

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်  စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က ဖရူဆိုမြို့ မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖရူဆိုမြို့နယ် မြို့မဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ  စည်းကမ်းချက်များနှင့်အညီ  ပြည်သူများ လိုက်နာနေထိုင် သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် ဈေးကော်မတီဝင်များ ပူးပေါင်းပြီး နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်သည့် အနေဖြင့် (Mask) တစ်ခုကို ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်းနှင့် ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း  သိရသည်။

တောရယ်(ပြန်/ဆက်)