ဇလွန် အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်(၁)လမ်းနေ အလှူရှင်မိသားစုမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ယင်း ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်ေ
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် အလှူရှင်များဖြစ်သည့် ဇလွန်မြို့နယ် ညောင်ပင်ဈေး ရပ်ကွက်(၁)လမ်းနေ ဦးသန်းအောင်မှ ဦးဆောင်၍ ဇလွန်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဇော်ဇော်၊ မိုင်းယုမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့ဦးစီးမှူး ဦးကျော်ကျော်ဋ္ဌေး(အငြိမ်းစား)နှင့် မိသားစုမိတ်ဆွေများ မှ ယင်း ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် အိမ်ထောင်စု တစ်စုလျင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ ဟင်းချိုမှုန့်အထုတ်သေး တစ်ထုတ်နှင့် နှာခေါင်းစည်း(Mask)ငါးနှုန်းဖြင့် အခြေခံလူတန်းစား အိမ်ထောင်စု (၅၀)စုအတွက် ငွေကျပ် (၅၁၁၀၀၀)တန်ဖိုးရှိသည့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)