ဟုမ္မလင်း အောက်တိုဘာ ၄
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးအတွက် မဲရုံစောင့်အထူးရဲများ သင်တန်းကို အောက်တိုဘာလ (၁)ရက်နေ့တွင် ဟုမ္မလင်းမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာဆောင် ရွက်ရမည့် ဥပေဒေစည်းမျဥ်း စည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကြေငြာစာတမ်းများ၊ အခြေခံစစ်ရေးပြသင်တန်းတွေပါ နည်းပြ ဆရာများ က သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ဟုမ္မလင်းမြို့နယ်တွင် မဲရုံပေါင်း (၁၃၈)ရုံရှိပြီး၊ အဆိုပါသင်တန်း အထူးရဲ (၁၃၈)ယောက် တက်ရောက်ပြီး၊ သင်တန်းကာလမှာ ၄ ပတ်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးမျိုး၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)