တုံတာမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား(တတိယ) အကြိမ် ထောက်ပံ့ငွေများ ပေးအပ်

တုံတာ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရမှ(တတိယ) အကြိမ် ထောက်ပံ့ပေးအပ်သော ငွေကျပ် ၂၀၀၀၀အား တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ယမန်နေ့ နံနက်၁၀နာရီခန့်က တုံတာမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ပေးအပ် ​ခဲ့ကြသည်‌။

ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ၊ သက်ကြီးရွယ်အိုများ၊ လက်လုပ်လက်စားလုပ်ကိုင်စား‌ သောက်နေရသော အိမ်ထောင်စုများ၏ လက်ဝယ်အရောက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်လက်ပေးအပ်ခဲ့ကြောင်းသိရသည်။

တုံတာမြို့တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စု ၃၃စုရှိရာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀နှုန်းဖြင့် စာရင်းဝင်အိမ်ထောင်စုများ၏ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)