မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင်နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို ထောက်ပံ့ငွေများ ပေးအပ်

မိုင်းလုံ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင်နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စတုတ္တအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ ငွေများကို ပြည်သူများ လက်ဝယ်အရောက် ယမန်နေ့နံနက် (၁ဝ)အချိန်ခန့်က သွားရောက်ထောက်ပံ့ပေးခဲ့သည်။

သွားရောက်ထောက်ပံ့ရာတွင် နမ့်ပိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ နှင့်ရပ်မိရပ်ဖများက အိမ်အရောက်သွား၍ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀/-) နှုန်းဖြင့် သွားရောက် ထောက်ပံ့ပေးခဲ့ရာ နမ့်ပိန်ရပ်ကွက်အနေဖြင့် အိမ်ထောင်စု(၂၀)စု ရရှိပြီး  မိုင်းလုံမြို့၆ ရပ်ကွက်တွင် အိမ်ထောင်စု(၁၂၀)စု အတွက်ထောက်ပံ့ငွေ ( ၂၄ဝဝဝဝဝ/-)ကျပ် ထောက်ပံ့ပေး ခဲ့ကြောင်းသိရသည်။

ဇော်ဇော် (ပြန် /ဆက်)