ခိုလမ်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အထူးရဲ သင်တန်း ဖွင့်လှစ်

ခိုလမ် အောက်တိုဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်ပြည်သူ များ  လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက်  မဲရုံအသီးသီးတွင်  တာဝန် ထမ်းဆောင်ကြမည့်  အထူးရဲ(၂၄)ဦးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အထူးရဲသင်တန်းကို အောက်တိုဘာ ( ၁ )ရက် နေ့ မှ အောက်တိုဘာ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုလမ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံပေါင်း ( ၁၁ ) ရုံ အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့မှာ မဲရုံအသီးသီးသို့   လာရောက်   ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် အထူးရဲအင်အား  (၂၄) ဦးကို   ခန့်အပ် တာဝန်ပေး နိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။  

အထူးရဲများအနေဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များ နှင့် ပူးပေါင်းပြီး   မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နယ်မြေခံ ရဲတပ်ဖွဲ့အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲ ကာလမှာ မဲဆန္ဒရှင်ပြည်သူများ  မဲမပေးနိုင်အောင် ဟန့်တားမှုများမဖြစ်ပေါ်စေရေး၊  မဲရုံပရဝုဏ်နှင့်ကိုက်(၅၀၀) အတွင်းမှာ မလိုလားအပ် သော ပြဿနာ အနှောင့်အယှက်များ မဖြစ်ပေါ်စေရေးနှင့် မူးယစ်သောက်စား ရမ်းကား ဆူပူမှုများ   မဖြစ်ပေါ်စေရေးအတွက်  လုံခြုံရေး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း  သိရသည်။ 

ခင်လေး၀င်း( ပြန်/ဆက် )