ငဖဲ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ကျောင်းဆောင်သစ်အဆောက်အဦ ရာနှုန်းပြည့် ဆောက် လုပ်ပြီးစီးပြီဖြစ်၍ ငဖဲမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လွင်၊ ငဖဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဇော်မိုး လွင် ၊မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆူးပဒေါင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ အဆောက်အဦသည် အလျား ပေ ၉၀၊အနံ ၃၀ ပေ ရှိ Streel Structure (၁)ထပ်အမျိုးအစားဖြစ်၍ ငွေလုံး ငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ်၄၉.၉၅ သန်းဖြင့် ငြိမ်းချမ်းရေးသစ်ခွကုမ္မဏီက ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်တွင် လုပ်ငန်း အားလုံး ရာနှုန်းပြည့် ပြီးစီးခဲ့ ကြောင်းသိရသည်။
မယု(ငဖဲ)