ထန်းတပင်(ပဲခူး) အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပထမဦးဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိလူနာ (၁၂)ဦးသည် ရောဂါသက်သာပျောက်ကင်းပြီးဖြစ်သဖြင့် ယနေ့ နံနက် ၈နာရီခွဲ အချိန်က မြို့ နယ် ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ (၁၂)ဦးအား မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာ ဦးစိုးငြိမ်းမှ နေအိမ်တွင် (၇)ရက် အသွားအလာကန့်သတ်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန မှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ၍ နေထိုင်ကြရန်တို့ကို မှာကြား ပြီးနောက် နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)