စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် မျိုးကွဲ ပယ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ကောလင်း အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်ကွက် မျိုးကွဲပယ်ခြင်း ကွင်း သရုပ်ပြပွဲကို ယမန်နေ့က မြို့မ KC နယ်မြေ အတွင်းရှိ  ကွင်းအမှတ် (၂၀၁၀)၊ ဦးပိုင် အမှတ် (၃၄)၊ တောင်သူ ဉီးမောင်မောင်၏ လယ်ဧရိယာ(၆) ဧက ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်ကွက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှု ဦးဝင်းသိန်းက မိုးစပါးမျိုးထုတ်ကွက် အထွက်နှုန်းတိုးတက်ရေးအကြောင်းကို လည်းကောင်း မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးလှမြင့် က ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ပိုးမွှားကာ ကွယ်နှိမ်နှင်းရေးနှင့် မိုးစပါးမျိုးစေ့ ထုတ်ကွက် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်း တာဝန်ခံ၊ ကွင်းတာဝန်ခံများ၊ မျိုးစေ့ထုတ်တောင်သူများစုပေါင်း၍ မျိုးစေ့ထုတ်ကွက် မျိုးကွဲနုတ် ပယ်ခြင်း လုပ်ငန်း အား လက်တွေ့ပြသဆောင်ရွက်ခဲ့ကြသည်။

ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု မိုးစပါးစိုက်ပျိုးရာသီအတွင်း လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအပေါ် ကုစားမှု အစီအစဉ် (CERP)အရကျေးရွာအုပ်စု(၂၇) အုပ်စု၊ကျေးရွာပေါင်း ၃၇ ရွာ၊ တောင်သူ၁၁၆ဦး၏ လယ် ၄၅၀ ဧကတို့တွင် မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားရှိ ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)