ဆော အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင် အဖွဲ့ခွဲရုံး များ ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများအား အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားမည် ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ အား မဲစာရင်းကြေညာသည့် (၁၄) ရက်တာကာလအတွင်း လာရောက်ကြည့်ရှု့ စစ် ဆေး ကြရန် နှိုးဆော်ထားကြောင်း သိရသည်။
ဆောမြို့နယ်၌ ရွေးကောက်ပွဲကျင်းပရန်အတွက် မဲရုံပေါင်း(၁၀၄)ရုံ ထားရှိသွား မည် ဖြစ်ပြီး လက်ရှိစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၈၇၉၃ ဦးရှိကြောင်း မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဇော်မျိုးသန့်(ဆော)