နေရပ်ပြန်မြန်မာ သင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း အောက်တိုဘာ ၄

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ယူအေအီးနိုင်ငံမှ လာရောက်သည့် MT.ANDES သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.T BLISS သင်္ဘောပေါ်မှ သင်္ဘောသား(၄)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် MV.FORTUNE UNION သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၁၄)ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ     ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား(၁၄)ဦးမှာ  ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိနေသည့် MT.ANDES သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဝင်းနိုင်စိုး ပါ သင်္ဘောသား (၇)ဦး ၊ M.T BLISS သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်ချိုသက် ပါ  သင်္ဘောသား (၅) ဦးတို့ဖြင့်  တာဝန်လွဲပြောင်းယူ ခဲ့သူများဖြစ်ပြီး MV.FORTUNE UNION သင်္ဘောပေါ်သို sign on တက်ရောက်မည့် သင်္ဘောသားများ မပါရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)