ချင်းပြည်နယ် ဖလမ်းခရိုင် ကျီခါးမြို့၌ ဒုတိယအကြိမ်မဲစာရင်း ကပ်ထား‌မှု အခြေအနေ အား မြို့အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေး

ကျီခါး    အောက်တိုဘာ   ၄

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ် ၊နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံတီမိုကရေစီ‌ အထွေအထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ် ထား ကြေညာပေးလျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က အဆိုပါမဲစာရင်း‌ ကပ် ထားမှု အခြေအနေများကို တာ၀န်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိ‌‌သော မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံး ရှုံးစေရေးအတွက် ကျီခါး မြို့ပေါ်ရပ်ကွက်(၂)ခု၌  မဲဆန္ဒရှင်စာရင်းများ ထပ်မံအသိပေးကြေညာ ကပ်ထား‌ ဆောင်ရွက်ထား ရှိမှု အခြေအနေများကို  ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်ဦး ဆောင်သည့် တာ၀န်ရှိသူများက  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ ဒုတိယ အကြိမ်မဲစာရင်း ကပ်ထားခြင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁၄) ရက်ကြာကပ်ထားကြေညာပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)