တံတားဦး အောက်တိုဘာ ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သော သင်ပန်း - တပယ် - လက်ပန်ဇင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး ပြီဖြစ် ကြောင်း သိရသည် ။
ယခုဆောင်ရွက်သည့်လမ်းသည် တပယ် ၊ ထောက်ရစ် ၊ လက်ပန်ဇင်စသည့်ကျေးရွာများမှ ကျေးရွာသူ/ ကျေးရွာသားများအနေဖြင့် ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး လုပ်ငန်းများအတွက် ကျေးရွာချင်းဆက် မြို့ကိုတက်သည့်လမ်းဖြစ်သည်နှင့်အညီ အဓိက အားထားသွားလာရသည့် လမ်းဖြစ်ကြောင်း ဒါ့အပြင် ငါန်းဇွန်မြို့နယ်သို့လည်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် လမ်းဖြစ်ကြောင်း ယခင်ကထိုလမ်းသည် ကျောက်လမ်းဖြစ် သည့်အခါ ခရီးသွားလာမှုနည်း ပါးသော်လည်း ယခုအခါ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ပေးမှုကြောင့် ခရီးသွားပြည်သူများ အများအပြား သွားလာနေကြသည်ကို တွေ့မြင် ရကြောင်း သိရသည် ။
သင်ပန်း-တပယ်-လက်ပန်ဇင်လမ်း ကတ္တရာခင်းခြင်းကို ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ် ကြီးကြပ် ပြီးတာဝန်ယူဆောင်ရွက်သည့်လမ်းမှာ ၂ . ၇၈ ကီလိုမီတာ ၊ ၃ . ၆၆ မီတာ ၊ ၀.၃၇၅ မီတာ ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ( ၁၆၆ . ၈၂ )သန်းဖြင့် ဆောင်ရွက်ရာ ယခုအခါလုပ်ငန်းဆောင်ရွက်မှုမှာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း တံတားဦးမြို့နယ် ကျေလက်လမ်းဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်သန္တာဝင်း ထံမှ သိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)