ရွှေသောင်ယံ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ရပ်ကွက်အတွင်းရှိ အသက်(၈၀)မှ(၈၅) နှစ်ကြား သက်ကြီးရွယ်အို အဘိုး/အဘွားများထံသို့ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ရာတွင် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အမှတ်(၁)ရပ်ကွက်ရှိ သက်ကြီးရွယ်အို အသင်းအဖွဲ့ဝင်များက လိုက်လံပေးအပ်ခဲ့ရာ တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်း ဖြင့် အဘိုး/အဘွား(၁၁)ဦးထံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမောင်(ပြန်/ဆက်)