ပန်းတောင်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Quarantine Centre များတွင် လိုအပ်သည်များ ဖြည့်ဆည်းရန်အတွက် မြို့နယ်ပညာရေးဝန်ထမ်းများ၏ စေတနာဖြင့် စုပေါင်း၍ မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်က အလှူငွေတစ်ဆယ့်ငါးသိန်း ခြောက်သောင်းကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မင်းအုဋ် က လက်ခံရယူခဲ့ကြောင်း သတင်း ရရှိသည်။
သင်းသင်းအေး (ပြန်/ဆက်)