ကျောက်မဲ အောက်တိုဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်၁၉ ပိုးရှိ/မရှိ စတင်ပြီး ကိုဗစ်-၁၉ rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ အချိန်က ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ Check Point -2 အနီးတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၇၇ ဦးစစ်ဆေးနိုင်ခဲ့ပြီး အားလုံး ပိုးမတွေ့ Negative ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းနှင့် ပြည်နယ်များမှ ဖြတ်သန်းဝင်ရောက်လာပါက ကုန်တင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးဌာက (၂) ပတ်အတွင်း ထုတ်ပေး ထားသည့် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုရမည်ဟု ရှမ်းပြည်နယ် ကိုဗစ်၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် ထိန်းချုပ်ရေးကော်မတီမှ စက်တင်ဘာလ ၃၀ ရက်နေ့က စာဖြင့် ညွှန်ကြားထားခဲ့ရာ ကျောက်မဲမြို့နယ်အတွင်း ပိတ်မိနေသည့် အခြားတိုင်းနှင့် ပြည်နယ်များမှ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အောက်တိုဘာလ ၃ ရက်နေ့ကစ၍ စတင်စစ်ဆေးပေးခဲ့ခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ်အနေဖြင့် အောက်တိုဘာလ ၃ ရက်နေ့က ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် ၇၇ သာ စစ်ဆေးနိုင်ခဲ့ပြီး ကျန်ရှိသူများကို ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)