တောင်ဥက္ကလာပမြို့နယ်ရှိ Quarantine Center များတွင် အသုံးပြုနိုင်ရန် အောက်ဆီဂျင်အိုး(၂၀)လုံး နှင့်ဆက်စပ်ပစ္စည်းများလှူဒါန်း

တောင်ဥက္ကလာပ  အောက်တိုဘာ        

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရန် Quarantine Center များဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သာသနာ့နယ်မြေ အမှတ်()ဝိုင်း ရွှေမြင့်မိုရ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာမှ အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုကို သာသနာ့နယ်မြေ အမှတ်()ဝိုင်း ရွှေမြင့်မိုရ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှ ရွှေမြင့်မိုရ်ဆရာတော်၏ မတည်အလှူတော်ငွေ ကျပ်ဆယ်သိန်းလှူဒါန်းမှုဖြင့် အောက်ဆီဂျင်အိုး(၂၀)လုံးနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်အတွင်းရှိ Quarantine Center များတွင် အသုံးပြုနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

နေထက်အောင်