မိုးနဲမြို့ ဟွေဟေးဘုန်းတော်ကြီးကျောင်းသို့ ဆွမ်း‌ဆန်တော်၊ဆီ ၊ဆားနှင့် စားသောက်ဖွယ်ရာများလှူဒါန်း

 

မိုးနဲ   အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စိန်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ ဦးဆောင်မှု ဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်း ကော်မတီနှင့် ရွှေပိုး (GROUP)တို့ ပူးပေါင်းကာ ဆွမ်း ၊ကွမ်းအခက်အခဲရှိသော ကုန်းလွန်းကျေးရွာ အုပ်စု ၊ဟွေဟေးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက် ပိုင်းက ဆွမ်းဆန်တော်နှင့်စားသောက် ဖွယ်ရာများ ၁၅ ရက်စာအတွက် သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 ထိုသို့ သွားရောက်လှူဒါန်းရာတွင် စိန်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ ၊‌ရွှေပိုး (GROUP) မှ ဦးစိုင်းပင်ဖနှင့် အဖွဲ့ဝင်များက ဆွမ်းဆန်တော် ၂ အိတ်၊ ဆီတစ်ဗူး ၊ဆား ငါးထုတ် ၊ကုလားပဲ နှစ်ပြည်၊  ကြက်ဥအလုံး ၃၀ အပါအဝင် ဟင်ချက်စရာမျိုးစုံ ၂၂ မျိုးကို ဘုန်းတော်ကြီးကျောင်းဆွမ်း အဆင်ပြေစေရန် (၁၅)ရက်စာ အတွက် သွားရာက်ဆက်ကပ်လှူဒါန်းခဲ့ရာ ဟွေဟေး ဘုန်းတော်ကြီး ကျောင်း ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တ သုပညာ ကလက်ခံခဲ့ကြောင်းသိရသည်။

 မျိုးညွန့်ရွှေ (မိုးနဲ)