လင်းခေးတွင်မွေးစကလေးမှ အသက်တစ်နှစ်ခွဲ အရွယ်အထိလစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းဆောင်ရွက်

 

လင်းခေး   အောက်တိုဘာ

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ လင်းခေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မွေးစအရွယ်ကလေးမှစ အသက်တစ်နှစ်ခွဲ အထိ လစဉ် ပုံမှန်ကာကွယ်ဆေး၊ဆေးထိုး/ဆေး တိုက်ခြင်းကို လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက် ၇နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကလေးများ အား  ပြင်းထန်တီဘီရောဂါ၊ အသည်းရောင်အသားဝါ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊အဆုတ်၊ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ဦးနှောက်အမြှေး ရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) စသည့် ကာကွယ် ဆေးများအားပုန်းထွန်၊ဟွေဟေး၊ဝမ်မိုင်၊ ပန်ကျိုင်း ၊ဝမ်ကွန်ကျေးရွာများရှိ အသက်ပိုင်းခြားအလိုက် ကလေးသူငယ်များကို ဆေးထိုးဆေးတိုက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ကျေးလက် ကျန်းမာရေးဌာနခွဲ တာဝန်ရှိသူထံမှ သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)