အထက(၁) Facility Quarantine Centre ရှိ ကိုဗစ်-၁၉ သံသယလူနာများမှ Negative ထွက်ရှိသူများ Quarantine Centre မှ ပြန်လည်ထွက်ခွာ

ရန်ကုန် အောက်တိုဘာ

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ အထက() Quarantine Centre တွင် သံသယလူနာ ၁၀၇ ဦးကို စတင်ထားရှိပြီး Swab ယူစစ်ဆေးရာ  Positive ၅၀ ဦး ထွက်ရှိပြီး ၄၇ ကို ရိုးမရိပ်သာ Hospital  Quarantine ၂ဦးကို ဧရာဝတီ Hospital  Quarantine  နှင့် ၁ဦးကို ဖောင်ကြီး Hospital Quarantine. သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က Facility Quarantine Centreမှ Negative လူနာများ Centre မှ ပြန်လည်ထွက်ခွာခဲ့ပြီး Quarantine Centre တွင် တာဝန်ရှိသူများနှင့်ပရဟိတအဖွဲ့များ မှ ဆေးဖြန်းခြင်း၊ ရေပိုက်များပြုပြင်ခြင်း၊ အောက်ဆီဂျင် ဘူးများ ပြင်ဆင်ခြင်း၊ အိပ်ယာခင်းများ ခေါင်းအုံးများစောင်များ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်း လင်းခြင်း စသည်တို့ ဆောင်ရွက်နေကြောင်း သိရသည်။ နောက်ထပ် သံသယ လူနာများရှိလာပါက အောက်တိုဘာလ ရက်နေ့နောက်ပိုင်းမှစ၍ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အထက()Quarantine Centre တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်၊မြို့နယ်ရဲတပ်ဖွဲ့၊ Volunteer များ၊ 5 V taxi ပရဟိတအဖွဲ့၊ ၉၂နာရေးကူညီမှုအသင်း၊ ၉၃ မေတ္တာနာရေးကူညီမှု အသင်း၊ သဘာဝဓမ္မဂါယာနာရေးကူညီမှုအသင်း၊ မဥ္ဇူပါလနာရေးကူညီမှုအသင်း၊ ဝံသပါလနာ ရေး ကူညီမှုအသင်းတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နန်းရွှေကြည်(ပြန်/ဆက်)