ပန်းဘဲတန်းမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ပန်းဘဲတန်း အောက်တိုဘာလ

ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ SMM Shwe Myanmar Beverages Co,Ltd မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Surgical Mask (၅၀၀၀) 500 ml Spray Type (၂၄၀) ပုလင်းတို့အား SMM  Shwe Myanmar Beverages Co, Ltd ရွှေအိုးအရက်ချက်စက်ရုံ(ရွှေပြည်သာ) က လာရောက်လှူဒါန်းခဲ့ကြပါသည်။

ထိုသို့လှူဒါန်းခြင်းကို အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်တို့က လက်ခံခဲ့ပြီး အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

နေခြည် (ပြန်/ဆက်)