မရမ်းကုန်းမြို့နယ်အတွင်းဖွင့်လှစ်ထားသည့် Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသည့် အသင်းအဖွဲ့ များသို့ တစ်ဖွဲ့လျှင်ငွေကျပ် (၁)သိန်းစီထောက်ပံ့လှူဒါန်း

မရမ်းကုန်း အောက်တိုဘာ ၅

ကိုဗစ်- ၁၉ကာလအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ဖွင့်လှစ်ထားရှိသော Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသည့် အသင်းအဖွဲ့များသို့ တစ်ဖွဲ့လျှင်ငွေကျပ် (၁)သိန်းစီ ထောက်ပံ့ လှူဒါန်းခြင်းကိုယမန်နေ့နံနက်ပိုင်းက အထက (၁)ကျောင်း၌ဆောင်ရွက်ခဲ့သည်။

အဆိုပါထောက်ပံငွေများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူဝန်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပေးအပ်ခဲ့လှူဒါန်းရာ မြို့နယ်မီးသတ်တပ်ဖွဲ၊ မြို့နယ်ကြက်ခြေနီ၊ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်း၊ မြတ်ကုသိုလ်လူမှုကူညီရေးအသင်းနှင့် မြန်မာ့ကြယ်ဖြူ လူမှုကူညီရေး အသင်းတို့ မှလက်ခံရယူခဲ့ကြောင်းသိရသည်။

အေးအေးအောင် (ပြန်/ဆက်)