မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ(၁၄)ရပ်ကွက်ဓမ္မာရုံနှင့် အ.မ.က(၁၂)ကျောင်းတွင်ကိုဗစ်-၁၉  ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများအား စတင်ထားရှိ

မြောက်ဥက္ကလာပ     အောက်တိုဘာ  ၅

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများသာ သီးသန့်ထားရှိသည့် Quarantine Centre(၁၂)ခု၊ အနံ့မရသူများသာ သီးသန့်ထားရှိသည့် Quarantine Centre(၃)ခု ဖွင့်လှစ်ခဲ့ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက် နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  ယမန်နေ့ နေ့လယ်ပိုင်းစ ၍ ကိုဗစ်-၁၉ရောဂါပိုးရှိသူများနှင် ဆက်စပ်သူများကို ရွှေပေါက်ကံ (၁၄)ရပ်ကွက် သီရိရတနာသာသနာ့ဗိမာန်ဓမ္မာရုံသို့(၇၄)ဦး၊ အ.မ.က(၁၂)ကျောင်းသို့(၃၃)ဦးတို့ကို ထာဝရအလင်းတန်း ပရဟိတအသင်း၊ ဇမ္ဗူဒီပါ ပရဟိတအသင်းနှင့် We love Northokkalapa ပရဟိတ အသင်းတို့စုပေါင်း၍ ပို့ဆောင်ခဲ့ပြီး Quarantine Centre များမှ  လိုအပ်သည့် စောင်၊ ခေါင်အုံး၊ ခြင်ထောင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မနက်စာ၊ နေလယ်စာ၊ ညနေစာနှင့် ဖြည့်စွက်စာများ စီစဉ်ဆောင်ရွက် ပေးထားကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)