ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ Online စာအုပ်မိတ်ဆက်ခြင်း ဆောင်ရွက်

ပန်းတနော်  အောက်တိုဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page မှ Online စာအုပ်မိတ်ဆက် အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ကလေးစာဖတ်ခန်းတွင် ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားတဲ့ အလုပ်ဆိုတာအင်အားပါ စာအုပ်မှ အိုသော်လည်း အပယ်မခံရအောင် အလုပ်ကိုဇွဲခတ်၍လုပ်ပါ ဆောင်းပါးအား စာအုပ်မိတ်ဆက်ဆွေးနွေးပြောကြားခဲ့သည်။

ဆိုပါ စာအုပ်မိတ်ဆက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက ဆွေးနွေးဖတ်ပြခဲ့ပြီး ပြည်သူ့စာကြည့်တိုက်အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း စာအုပ်ငှားရမ်းခြင်းတွေကို ခေတ္တယာယီပိတ်ထားရတဲ့အချိန်မှာ စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များနှင့် ကလေးသူငယ်များကို အသိပညာရရှိစေတဲ့ ပုံပြင်ပြောပြခြင်း၊ စက္ကူအရုပ် ခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းစသည့် Online ဝန်ဆောင်မှုလုပ်ငန်းများကို ပန်းတနော်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှ တဆင့် အပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေး နေကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)