တောင်ဥက္ကလာပမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

တောင်ဥက္ကလာပ  အောက်တိုဘာ     

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယ အကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထား ျကြေညာသွားမည်ဖြစ်ပြီး ဆန္ဒမဲတွင် မိမိအမည်မပါဝင်ပါက ပုံစံ- ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူဖြစ်ပါက ပုံစံ- (က) ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်လာပါက ပုံစံ-() ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း စသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်စီစစ်သွားမည်ဖြစ်၍ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မ ဆုံးရှုံးစေရန်အတွက် မဲစာရင်းများ လာရောက်ကြည့်ရှုရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားသည့် အပြင် မိမိတို့၏ Computer နှင့် Mobile Phone များဖြင့် Browser မှတဆင့် https://finndyourpollingstation.uec.gov.mm တွင် အချက်အလက်များဖြည့်စွက်၍ ကြည့်ရှုနိုင် ကြောင်းလည်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)