ပေါင်းတည်မြို့တွင်ရပ်ကွက်/ကျေးရွာရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

 

ပေါင်းတည်     အောက်တိုဘာ     ၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိင်ရေးအတွက် ရပ်ကွက်/ကျေးရွာ  ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ရက်နေ့မှစ၍ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခဲ့ကြောင်းသိရသည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ မြို့ပေါ် ၁၂ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၄ အုပ်စုတို့မှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှု    ရှိ/မရှိ စစ်ဆေးနိင်ရန်အတွက် အောက်တိုဘာ ၁ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အနေဖြင့် ထပ်မံကပ်ထားကြေညာခဲ့ရာ မဲဆန္ဒပြည်သူများလာရောက်ကြည့်ရှုလျက်ရှိသည်။

ပေါင်းတည်မြို့နယ်တွင်မဲရုံပေါင်း၁၂၆ရုံမဲဆန္ဒရှင်ပြည်သူပေါင်း(၁၁၀ရ၄၄)ဦးရှိကြောင်းမြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးသောင်းညွန့်ထံမှ သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်