ရန်ကင်း အောက်တိုဘာ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းဖွင့်လှစ်ထားရှိသော Quarantine Centre များတွင် အသုံး ပြုနိုင်ရန်အတွက် မြို့နယ်ကိုဗစ် -၁၉ ကော်မတီ သို့ အလှူငွေများနှင့်အသက်ရှုစက်တစ်လုံးကို ယမန်နေ့ နံနက်ပိုင်း က ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့သို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ရန်ကင်းမြို့နယ် အမှတ်(၁၅)ရပ်ကွက်၊ သုခိတာ လမ်းမှ မိခင်ကြီး ဒေါ်ရင်ကြည် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် ကုသိုလ်အလှူအဖြစ် အလှူငွေကျပ် (၁၅၀၀၀၀/-) ကို လည်းကောင်း ၊ ဒေါ်မြမြစန်း မိသားစု မှ သမီးငယ် ဒေါက်တာသန္တာဇော်မွေးနေ့အလှူ အဖြစ် အလှူငွေကျပ်(၁၀၀၀၀၀/-)နှင့်ငွေကျပ် တန်ဖိုး (၆၀၀၀၀၀/-)ခန့်တန်ဖိုး ရှိသော အသက်ရှူစက်(၁)လုံး တို့ကိုလည်းကောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ လာရောက်လှူဒါန်းခဲ့ရာ ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
လင်းလင်းထွန်း (ပြန်/ဆက်)