စေတုတ္တရာ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကြီးဝကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းစာသင် ကျောင်းဆောင်သစ်အား ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြတ်ထွန်းနိုင် ကုမ္မဏီက တာဝန်ယူတည် ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် ကျောင်းဆောင်သစ်များ တိုးချဲ့တည်ဆောက်ပေးလျက်ရှိရာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၇၄.၅၃)သန်းဖြင့် အလျား(၁၃၀)ပေ၊ အနံ (၃၀)ပေရှိသော (Steel Structure) (၁)ထပ်အဆောက်အဦးအား မြတ်ထွန်းနိုင် ကုမ္မဏီက တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုကြောင့် ကြီးဝကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာ များမှ အထက်တန်း ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ပညာသင် ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)