တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

တန့်ယန်း  အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ''မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား'' ဆိုသည့်  အသိပညာပေး လက်ကမ်းစာ စောင်တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ပါရှိခြင်း ရှိ/မရှိကို မဲဆန္ဒရှင်ပြည်သူများ ကိုယ်တိုင်ကြည့်ရှုကြပြီး လိုအပ်ပါက အမည်စာရင်းထည့်သွင်းခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို သပ်မှတ်ထားသောပုံစံများ ကိုဖြည့်စွက်၍ ဆောင်ရွက်ရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များဖေါ်ပြထားသည့် လက်ကမ်းစာစောင် (၁၀၀)စောင်ကို အခမဲ့ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။           

မင်းလွင်ဦး(ပြန်/ဆက်)