မြို့သစ် အောက်တိုဘာ ၄
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင်ဂိတ်တွင် ပူးပေါင်စစ်ဆေးရေးဂိတ်ကို မြို့နယ် ကိုဗစ် - ၁၉ ရော ဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ် ရဲတပ်ဖွဲဝင်များ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိကလုပ်ငန်းသုံး မော်တော် ယာဉ်လိုင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ပြန့် ပွားမှုထိန်းချုပ်ရေး လုပ်ငန်း တစ်ခုအဖြစ် ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ မော်တော်ယာဉ် အ ဝင်/အထွက် စာရင်းပြုစုမှတ်သားခြင်း၊ မြို့တွင်းဖြတ်သန်းသွားလာသောယာဉ် ရှိ/မရှိကို စစ်ဆေးရေး ဂိတ်တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ စိစစ် ဆောင် ရွက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်လာသူများအား ခရီး သွားလာခွင့် အထောက်အထားများစိစစ်၍ Stay Home ဒေသမှဖြစ်ပါက Quarantine ဝင်ရောက်ရန် စသည့် အချက်များကို စနစ်တကျစိစစ်၍ စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။
မြို့သစ်မြို့နယ်အတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်/သုံးဘီးယာဉ်မောင်းများ အနေဖြင့် ယာဉ် မောင်းလိုင်စင် ၊ ယာဉ်လိုင်စင် (ဝှီးတက်) လုပ်ငန်းလိုင်စင် ၊ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ၊ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက် ၊သက်ဆိုင် ရာယာဉ်လိုင်းဂိတ်များ၏ ကုန်စည်ပို့ဆောင်ခြင်း ထောက်ခံချက် စသည့်စည်းကမ်းချက်များပြည့်စုံစွာ မပါရှိပါက မြို့သစ်မြို့နယ်အတွင်း ဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း မြို့နယ်ယာဉ် စည်း ကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီထံမှ သိရ သည်။
သန်းဝင်းထွန်း (ပြန်/ဆက်)