ဘုတ်ပြင်း အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်အမည်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲခွဲရုံးများတွင် ကြေညာထားမှုအား ယနေ့နံနက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွန်း ၊ သက်ဆိုင်နယ်မြေကြီးကြပ်အဖွဲ့ဝင်များနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုမှုများ၊ မဲဆန္ဒရှင်များမှ မဲစာရင်းနှင့် ပတ်သက်၍ လိုအပ်သည့်တောင်းဆိုမှု ၊ ပြင်ဆင်မှု ၊ ကန့်ကွက်မှု များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းတွင် ယခုဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲစာရင်းအရ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ( ၅၆၇၂၇ )ဦးခန့် ရှိပြီး မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ခြင်း ၊ တောင်းဆိုခြင်း ၊ ကန့်ကွက်ခြင်းများကို မဲစာရင်းထုတ်ပြန်ကြေညာသည့် ၁၄ အတွင်း ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ကော်မှရှင်အဖွဲ့ခွဲရုံးမှသိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)