မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာနှင့်ရဲလှကျေးရွာတို့တွင် ကုန်ထုတ်လမ်းဖောက်မည့် လမ်းအခြေ အနေအား မြေပြင်ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ အောက်တိုဘာ ၅

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျပ်သန်း(၁၀)သန်း နှင့် (၁၀၀)သန်းကြား ကုန်ထုတ်လမ်းဖောက်လုပ်မည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာနှင့် ရဲလှကျေးရွာတို့ရှိ လမ်းအခြေ အနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းဖြင့် စိုင်ဒူးကျေးရွာ၌ လမ်းအရှည် ၁ မိုင်ခွဲ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေဖြင့် ကျောက် ရောမြေခင်းခြင်း၊ လမ်းအရှည် ၁ မိုင်ခွဲ၊ အကျယ် ၁၂ ပေ၊ ထု ၉လက်မဖြင့် မြေနီကျောက်စရစ် ခင်းခြင်း နှင့် အလျား ၂၀ ပေ၊ အကျယ် ၆ လက်မ၊ ထု ၆ လက်မရှိသော Box Culvert (၁)စင်း၊ ရဲလှကျေးရွာ တွင်းလမ်းအရှည် ၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေဖြင့် ကျောက်ရောမြေခင်းခြင်း၊ လမ်းအရှည် ၂ မိုင် ၄ ဖာလုံ၊  အကျယ် ၁၂ ပေ၊ ထု ၉လက်မဖြင့် မြေနီ ကျောက်စရစ်ခင်းခြင်းနှင့် အလျား ၂၀ ပေ၊ အကျယ် ၆ လက်မ၊ ထု ၆ လက်မရှိသော Box Culvert (၁)စင်း တည်ဆောက် မည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှူး ဒေါ်မြသက်ထွေးနှင့် တာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များ၊ လမ်းဘေးဝဲယာတောင်သူများနှင့် အတူ မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေးဆဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)