ခိုင်ကမ်း အောက်တိုဘာ ၅
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းများသို့ အမျိုးသား အဆင့်စေတနာ့ ဝန်ထမ်းဦးဆောင် အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့အတွင်းရှိ စေတနာ့ဝန်ထမ်း ၄၃ ဦးနှင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အစည်း ၃ ခုတို့အား ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဥက္ကဋ္ဌမှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများကို ခိုင်ကမ်းမြို့ စေတနာ့ဝန်ထမ်းများလက်သို့ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်၊
ဝုန်လွန်းညောင်(ခိုင်ကမ်း)