ကြို့ပင်ကောက် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များကအလှူငွေများပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များကလှူဒါန်းသော အလှူငွေစုစုပေါင်း ၂၁ သိန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
“ကြို့ပင်ကောက်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသုံးဦး စစ်ဆေး တွေ့ရှိခဲ့ပြီး တစ်ဦးမှာ ရောဂါပျောက်ကင်းသက်သာသွားပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ကြောင်း၊ ကျန်နှစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် စောင့်ကြည့် ကုသ ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် အတည်ပြုလူနာများ ကုသရာတွင် အသုံးပြုရန်အတွက် အခုလိုလှူဒါန်း ပေးသောအလှူရှင်များအား များစွာကျေးဇူး တင်ရှိပါကြောင်း” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)