ကျောက်မြောင်း အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိအစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန်က(၂၀၁၉-၂၀၂၀)မိုးစပါး မိုးလိုမိုးခေါင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးရ သည့် ဧကများအတွက်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများထံသို့ ငွေကျပ် ၂၅၉ သိန်း ၃ သောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
အစီအစဉ်အရ ရှေးဦးစွာ ကျောက်မြောင်းမြို့ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းအေးခိုင်မှ သဘာဝဘေး အန္တရာယ်နှင့် သဘာဝဘေးကြောင့် ပျက်စီးရသောအကြောင်းအရာ တို့နှင့်ပတ်သက်၍ သိသင့် သိထိုက်သည်များကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍မြို့စိုက်ပျိုးရေးဦးစီးဌာန မှ မြို့ဦးစီးမှူးဒေါ်ခင်ဝင်းမှ မိုးစပါး မိုးလိုမိုးခေါင် ပျက်စီး မှုများအတွက် ထောက်ပံ့ငွေ ပေးအပ်ရသည်နှင့်ပတ်သတ် ၍အကျယ်တဝင့် ဆွေးနွေးပြောကြား ခဲ့ပြီးနောက် တာဝန်ရှိသူများက အဆိုပါထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)