တောင်ငူ အောက်တိုဘာ ၅
တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို တောင်ငူမြို့နယ် ညောင်ပင်လေးစျေးနှင့်အမှတ် ၁၉ ရပ်ကွက်သို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား ပြည်သူများသိရှိနိုင်စေရန်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား ပြည်သူများ သိရှိစေနိုင်ရေး အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ နံရံကပ်ပိုစတာများ ပြသခြင်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပြီး အများ ပြည်သူများ သိရှိစေရန် လူစည်ကားရာနေရာများသို့ အသိပညာပေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)