ပင်လောင်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် အသက် ၈၀နှစ် ပြည့်ပြီး အသက် ၈၅ နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မသန်စွမ်း ထောက်ပံ့ငွေ မရရှိ သေးသည့် ကျန်ရှိသော မသန်းစွမ်းသူများအား ထပ်တိုးထောက်ပံ့ ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း သက်ကြီးဘိုးဘွား များ၏ စားဝတ် နေရေး အဆင်ပြေစေရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့သော ဘိုးဘွား များအား တစ်ဦး လျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ပင်လောင်းမြို့နယ်အတွင်းရှိ အသက် ၈၀နှစ် ပြည့်ပြီး အသက် ၈၅ နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား (၆၄၅)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် (၁၉၃၅၀၀၀၀)နှင့် ထောက်ပံ့ငွေမရရှိသေးသည့် မသန်းစွမ်းသူထပ်တိုး တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မသန်စွမ်းသူထပ်တိုး (၁၈၁)ဦးအတွက် စုစုပေါင်းငွေကျပ်(၅၄၃၀၀၀၀)ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာတို့က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူးနှင့် စာရေး ဝန်ထမ်းများက သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများထံ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်