တမူးခရိုင်၊ မြို့သစ်မြို့၌ သဘာဝဘေးကြောင့် မိုးစပါးပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးဧက(၃၆)ဧကအတွက် ထောက်ပံ့ငွေပေးအပ်

မြို့သစ် အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၌ ၂၀၁၈-၂၀၁၉  ခုနှစ်၊ မိုးရာသီကာလ သဘာဝဘေး မိုးလိုမိုးခေါင်ခြင်း(သံဇဉ်လွတ်)ကြောင့် မိုးစပါးပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးဧက(၃၆)ဧကအတွက် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့သစ်မြို့ ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းတွင်  မြို့အုပ်ချုပ်ရေးမှူးဦးရဲဇော်မင်းက အမှာစကားပြောကြားပြီး မြို့သစ်မြို့၊စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်ကိုကို က မိုးရာသီကာလ သဘာဝဘေး မိုးလိုမိုးခေါင်ခြင်းကြောင့် သီးနှံများပျက်စီးမှုအပေါ် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုးရာသီကာလ မိုးလိုမိုးခေါင်မှုကြောင့် (တံဇဉ်လွတ်)ပျက်စီးခဲ့သည့် ရပ်ကွက်/ကျေးရွာ(၃) အုပ်စုမှ တောင်သူ(၁၅)ဦး၏ ပျက်စီးဧက(၃၆)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေ သုံးသိန်းခြောက်သောင်းကျပ်ကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)